HomeUncategorizedFB instant Article 1

FB instant Article 1

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဈေးသစ်အနောက်ဘက်တွင် တစ်မြို့နယ်လျှင် ယာဉ် (၃) စီးစီဖြင့် ရပ်နားစေခဲ့သော်လည်း ကျိုက်မရော- မော်လမြိုင်ယာဉ်လိုင်း ရပ်နားရာနေရာ အခက်အခဲများရှိနေကြောင်း ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဇွန်လ (၁၄) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောသည်။

“အရင်က ကားရပ်တဲ့နေရာက ထမင်းဆိုင်ဆိုတော့ အဆင်ပြေတယ်၊ ခုအဲနေရာက ကုန်စုံဆိုင်ဖြစ်သွားတော့ ရပ်ရင် သူတို့အတွက် လမ်းပိတ်တော့ ပေးမရပ်ဘူး၊ ခုယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရဲ့ စားဝတ်နေရေး အခက်အခဲ တော်တော်လေးကို အကျပ်အတည်းဖြစ်နေပါတယ်” ဟု ဒေါ်ခင်မျိုးမြင့်က ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်(MNA)
မွန်ပြည်နယ်အတွင်းရှိ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များအတွက် ရပ်နားရန် ယာဉ်ဂိတ်နေရာ သတ်မှတ်ဆောင်ရွက်ခြင်းကို ပြည်နယ်ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ပြည်နယ်၊ ယထက) မှ သတ်မှတ်လျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ရောက်ရှိလာသော ဈေးကြိုယာဉ်များကို ယခင်မထသ လက်ထက်မှစ၍ ယခုအချိန်ထိ တစ်မြို့နယ်လျှင် (၃) စီး ရပ်နားခွင့်ပြုပေးခဲ့ကြောင်း မွန်ပြည်အစိုးရအဖွဲ့မှ သိရသည်။

“ကျိုက်မရောကနေ ဝင်လာတဲ့ ကားတွေကို ဈေးသစ်အနောက်ဘက်က ဆိုင်တွေက ရပ်နားခွင့်မပြုပါက ယာဉ်မောင်းများအနေဖြင့် ကျိုက်မရောမြို့နယ် (ယထက) ကနေတဆင့် ပြည်နယ် (ယထက) ကို တင်ပြလာရင် ပြည်နယ် (ယထက) က ကူညီဖြေရှင်းပေးသွားမယ်” ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဦးမင်းထင်အောင်ဟန်က ပြောသည်။

ကျိုက်မရော-မော်လမြိုင် လိုင်းကားသည် တစ်ရက်လျှင် (၃) စီး အလှည့်ကျ ပြေးဆွဲလျက်ရှိရာ အဆိုပါ မော်လမြိုင်မြို့၊ ဈေးသစ်အနောက်ဘက်သို့ နံနက် (၁၀) နာရီခန့် ရောက်ရှိကာ (၁၁း၃၀) နာရီတွင် မော်လမြိုင်မြို့မှ ပြန်လည်ထွက်ခွာပြီးမှ နောက်ထပ်ကားတစ်စီး ပြန်လည်ဝင်ရောက်ရပ်နားကြောင်း သိရသည်။

ဒေါ်ခင်မျိုးမြင့်က “ဖြေသွားတဲ့အပေါ်မှာ ကျေနပ်မှုမရှိဘူး၊ ဖြေထားတဲ့အဖြေက နည်းလမ်းဟောင်းကြီးပါ၊ အန်တီကတော့ ကျိုက်မရော-မော်လမြိုင် လိုင်းကားရပ်ဖို့နေရာ တိတိကျကျ သတ်မှတ်ပေးစေချင်တယ်” ဟု ဆိုသည်

၂၀ဝ၆ ခုနှစ်တွင် မော်လမြိုင်မြို့ လှိုင်အဝေးပြေးကားဝင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါကားဝင်းထဲသို့ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ လိုင်းကားများ ရပ်နားခွင့်မရှိပေ။

RELATED ARTICLES

Most Popular

Recent Comments

nara on DSCF1116